top-view画像 top-view画像SP

2026.06.30まで

※2026.12.31 မတိုင်မီ ဖောင်ဖြည့်ပြီးရယူလိုက်ပါ။

မိတ်ဆက်ပြီး မှတ်ပုံတင်ဖို့ အဆင့် ၃ဆင့်ပဲ လုပ်ရပါမယ်။

မိတ်ဆက်ပေးသူ(သင်)

step1

၁။မိတ်ဆွေ၊သူငယ်ချင်းများကို မျှဝေပါ

ဘိုးဘွားပြုစုစောင့်ရှောက်ရေး၊ သူနာပြု နဲ့ မူကြိုအလုပ်လုပ်ချင်တဲ့ မိတ်ဆွေများကို မှတ်ပုံတင်ဖောင် ပေးပို့ပါ။

မိတ်ဆွေ(သူမ / သူ)

step2

၂။ လွယ်ကူတဲ့ ၁ မိနစ်အတွင်း သတင်းအချက်အလက် ဖြည့်ပါ။

မှတ်ပုံတင်ဖောင်မှ သတင်းအချက်အလက်များကို ဖြည့်ပေးပါမည်။

step3

ဖုန်းဖြင့် မိမိအလုပ်ဆန္ဒနှင့်လိုအပ်ချက်များကို မေးမြန်းပြီး မှတ်ပုံတင်မှု ပြီးစီးပါမည်။

ဖုန်းဖြင့် အသေးစိတ်မေးမြန်းပြီး မှတ်ပုံတင်ခြင်းကို အပြီးသတ်ရပါမည်။ မိတ်ဆွေမှ အလုပ်စတင်ပါက မိတ်ဆက်ပေးသူနှင့် မိတ်ဆွေ "နှစ်ဦးလုံး" ကို Amazon Gift Card လက်ဆောင်ပေးပါမည်။ (※ လက်ဆောင်ရယူရန် လျှောက်လွှာတင်ရန် လိုအပ်ပါသည်။)

မိတ်ဆွေ၊သူငယ်ချင်းများ မိတ်ဆက်ဖို့ အတွက်

မေးခွန်းများ

Q

W အလုပ် (အလုပ်နှစ်ခု) လုပ်နေတဲ့ မိတ်ဆွေကို မိတ်ဆက်ပေးလို့ရမလား?

キャリアカルテတွင် တစ်ပတ်အနည်းဆုံး ၂ ရက် အလုပ်လုပ်နိုင်ပါက W အလုပ်လုပ်သူများအတွက်လည်း မိတ်ဆက်ပေးနိုင်ပါသည်။ မိတ်ဆက်ပေးပါ။

Q

မိတ်ဆွေ ၃ ယောက် မိတ်ဆက်ချင်ပါတယ်။ Gift Card ကို ၁ ခု (¥5,000) သာ ရမလား?

မိတ်ဆက်ပေးသည့် လူဦးရေအလိုက် Amazon Gift Card ကို လက်ဆောင်ပေးနေပါသည်။ ဥပမာ - လူ (၃) ဦး မိတ်ဆက်ပေးပါက မိတ်ဆက်ပေးသူအား (၃) စောင် (၁၅,၀၀၀ ယန်းဖိုး) နှင့် မိတ်ဆွေ (၃) ဦးလုံးကိုလည်း တစ်ဦးလျှင် ၅,၀၀၀ ယန်းစီ လက်ဆောင်ပေးပါမည်။

Q

『အလုပ်ကောင်းကောင်း ရှိရင် လုပ်ချင်တယ်』ဆိုတဲ့ မိတ်ဆွေရှိပါတယ်။ ကမ်ပိန်းမှာ အကျုံးဝင်မလား?

သတ်မှတ်ထားသော ကာလအတွင်း အလုပ်စတင်လုပ်ပါက ကမ်ပိန်းမှာ အကျုံးဝင်ပါမည်။
※အသေးစိတ်အချက်အလက်အတွက် အောက်ပါ【သတိပြုရန်ချက်များ】ကို ကြည့်ပါ။

Q

ဘယ်အလုပ်အမျိုးအစားမဆို မိတ်ဆက်ပေးလို့ ရမလား?

ဘိုးဘွားပြုစုစောင့်ရှောက်ရေး၊သူနာပြု၊ မူကြိုဆရာမ သို့မဟုတ် မူလတန်းဆရာမအဖြစ် အလုပ်လုပ်လိုသူများသာ အကျုံးဝင်ပါသည်။ အခြားအလုပ်အကိုင်အမျိုးအစားများအတွက် စိတ်မကောင်းပါဘူး၊ လက်ခံ၍မရနိုင်ပါ။

Gift Card လက်ခံရယူရန် လျှောက်လွှာတင်ခြင်း

မိတ်ဆွေမှ အလုပ်စတင်ပြီး (၃၁ ရက်ဆက်တိုက်) လုပ်ကိုင်သည်ကို အတည်ပြုပြီးပါက
အောက်ပါ Button ကိုနှိပ်၍ Gift Card ရယူရန် လျှောက်ထားပေးပါ။

※ လျှောက်လွှာတင်ခြင်းမရှိပါက Gift Card ပေးပို့နိုင်မည်မဟုတ်သည့်အတွက် သတိပြုပေးပါ။
※ မိတ်ဆက်ပေးသူနှင့် မိတ်ဆွေ "နှစ်ဦးစလုံး" လျှောက်လွှာတင်ရန် မဖြစ်မနေလိုအပ်ပါသည်။

သတိထားရမည့်အချက်များ

၁။ အကျဉ်းချုပ်

    ဤအစီအစဉ်သည် မိတ်ဆက်ပေးမှုကြောင့် မိတ်ဆွေအသစ်မှ မှတ်ပုံတင်ခြင်းနှင့် အလုပ်ဝင်ခြင်းများ ပြုလုပ်ပါက၊ မိတ်ဆက်ပေးသူနှင့် မိတ်ဆွေ နှစ်ဦးစလုံးကို သတ်မှတ်ထားသော လက်ဆောင်များ ပေးအပ်မည့် စနစ်ဖြစ်ပါသည်။
    ※ ၂၀၂၆ ခုနှစ် မတ်လမှစတင်၍ အကြောင်းအရာအချို့ကို ပြောင်းလဲထားပါသည်။

၂။ သတ်မှတ်ချက်များ
    အောက်ဖော်ပြပါ အချက်များအားလုံးနှင့် ကိုက်ညီပါက မိတ်ဆက်ပေးသူနှင့် မိတ်ဆွေ နှစ်ဦးစလုံး လက်ဆောင်ရရှိရန် အကျုံးဝင်မည်ဖြစ်သည်။
  • မိတ်ဆွေမှ ၂၀၂၆ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ သတ်မှတ်ထားသော Form မှတစ်ဆင့် ကိုယ်တိုင်မှတ်ပုံတင်ခြင်းကို အပြီးသတ်ရမည်။
  • သီးသန့် Form မှတစ်ဆင့် ကြိုတင်လျှောက်ထားခြင်း (Application) ပြီးစီးရမည်။
  • လျှောက်ထားချိန်နှင့် လက်ဆောင်ပေးအပ်ချိန်တွင် မိတ်ဆက်ပေးသူနှင့် မိတ်ဆွေ နှစ်ဦးစလုံးသည် ZIN (キャリアカルテ) မှတစ်ဆင့် အလုပ်လုပ်ကိုင်နေသူ ဖြစ်ရမည်။
  • မိတ်ဆွေသည် ကျွန်ုပ်တို့ကုမ္ပဏီတွင် အလုပ်စတင်ဝင်ရောက်ပြီး (၃၁) ရက် ဆက်တိုက် တာဝန်ထမ်းဆောင်ပြီးသူ ဖြစ်ရမည်။

၃။ လက်ဆောင်အကြောင်းအရာ
  • မိတ်ဆက်ပေးသူနှင့် မိတ်ဆွေ တစ်ဦးစီအား Amazon Gift Card ၅,၀၀၀ ယန်းဖိုးစီ ပေးအပ်ပါမည်။
  • ပထမအကြိမ် စာချုပ်သက်တမ်းအတွင်း (၃၁) ရက်မပြည့်မီ စာချုပ်ရပ်ဆိုင်းသွားပါက နှစ်ဦးစလုံး လက်ဆောင်ရရှိမည်မဟုတ်ပါ။
  • အလုပ်အခြေအနေနှင့် စာချုပ်ပုံစံများပေါ်မူတည်၍ ပေးအပ်နိုင်ခြင်းမရှိသည့် အခြေအနေများလည်း ရှိနိုင်ပါသည်။

၄။ အကျုံးမဝင်သော အခြေအနေများ
    အောက်ပါအချက်များထဲမှ တစ်ခုခုနှင့် ငြိစွန်းပါက ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိမည်မဟုတ်ပါ။
  • မိတ်ဆွေသည် ယခင်က ZIN (Career Karte) တွင် မှတ်ပုံတင်ဖူးသည့် ရာဇဝင်ရှိခြင်း (ပြန်လည်မှတ်ပုံတင်ခြင်းသည် အကျုံးမဝင်ပါ)။
  • ကာယကံရှင်မဟုတ်သော အခြားသူမှ မှတ်ပုံတင်ပေးခြင်းကို တွေ့ရှိရခြင်း။
  • သတ်မှတ်ထားသော Form မှတစ်ဆင့် လျှောက်ထားခြင်းမရှိခြင်း။
  • စည်းကမ်းချက်များကို ချိုးဖောက်ခြင်း သို့မဟုတ် ကျွန်ုပ်တို့ကုမ္ပဏီမှ မလျော်ကန်ဟု ယူဆခြင်း။

၅။အခြား
    ဤအစီအစဉ်ကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ပြောင်းလဲခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်းများ ရှိနိုင်ပါသည်။
    လက်ဆောင်ပေးအပ်မည့်အချိန်နှင့် အသေးစိတ်အချက်အလက်များသည် ကုမ္ပဏီ၏ စည်းမျဉ်းများအတိုင်း ဖြစ်ပါမည်。

Copyright c キャリアカルテ All Rights Reserved